Friday 5 March 2021

နွေဦးမှာ ပန်းခူးထွက်ကြတယ်

မိန်ရာသီ လတပေါင်းမို့

ပန်းပေါင်းတော့ မစုံပြီ ။ 


နွေရာသီ ခါအပြောင်းချိန်မို့ 

နွမ်းလျတော့ ကြာရှည်မခံပြီ ။ 


ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ် ။ 


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ် ။ 


မကြာမီ သဲပုံပွဲမယ် 

အောင်ပွဲသံ ညံညံစည်လိမ့်မယ် ။ 


ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 

တူညာညီ တပြည်လုံး ရုန်းသမို့ 

မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 

အား ထည့် လို့ သာ ရုန်း ။ 


မြန်မာပြည် နွေဦး အောင်ပွဲ 

မတ်လ ၄ ရက် ၂၀၂၁ ။

တပေါင်းအောင်ပွဲ

 လေရူးတွေ ပွေတဲ့ 

နွေဦးလေ အဝှေ့မှာ 

တို့တတွေ အာဏာရှင်ကို 

တော်လှန်ကြတယ် ။။


ပြည့်စုံသူလည်းပါတယ် 

မပြည့်စုံသူလည်းပါတယ် 

ပညာတတ်ကြီးလည်းပါတယ် 

အခြေခံလူတန်းစားလည်းပါတယ် 


သံပုန်းတီးသူလည်းပါတယ် 

လမ်းပေါ်ထွက်သူလည်း ပါတယ် 

ရှေ့တန်းက ဖီဆန်သူလည်းပါတယ်

နောက်တန်းက တောင့်ခံပေးသူလည်းပါတယ် 


လာရာမတူ အခြေခံတွေမတူပေမယ့် 

အားလုံးမှာ တူညီတာက 

“လူပီသတဲ့စိတ်”

အာဏာရှင်ကို အမြစ်ဖြုတ်မယ့်စိတ်


တပေါင်းလေနဲ့အတူ 

အဟောင်းတွေကြွေလို့ အသစ်တွေ ဝေလာပါလိမ့်မယ် ။။ 


အားလုံးရဲ့  အောင်ပွဲကို 

တပေါင်းပွဲနဲ့ တူတူ နွဲကြမယ် ။။ 


မတ်လ ၂၀၂၁

Thursday 4 March 2021

နွေဦးအောင်ပွဲ


မိန္ရာသီ လတေပါင္းမို႔ 

ပန္းေပါင္းေတာ့ မစုံၿပီ ။ 


ေႏြရာသီ ခါအေျပာင္းခ်ိန္မို႔ 

ႏြမ္းလ်ေတာ့ ၾကာရွည္မခံၿပီ ။ 


ပန္းေတြ မစုံေပမယ့္ 

သေျပညိဳေတြ ေထြးတယ္ ။ 


ႏြမ္းတယ္ ထင္ရေပမယ့္ 

ရနံ႔က တကယ္ေမြးတယ္ ။ 


မၾကာမီ သဲပုံပြဲမယ္ 

ေအာင္ပြဲသံ ညံညံစည္ ဖို႔ 


ပန္းခူးသူကခူး ပန္းေကာက္သူကေကာက္ ပန္းသီသူကသီ 

တူညာညီ တျပည္လုံး ႐ုန္းေနသမို႔ 

မိစၧာေတြ ျပဳတ္ျပဳတ္ျပဳန္းေစဖို႔ 

တို႔ အား ထည့္ လို႔ သာ ႐ုန္း ။ 


ျမန္မာျပည္ ေႏြဦး ေအာင္ပြဲ 

မတ္လ ၄ ရက္ ၂၀၂၁ ။ 


မိန်ရာသီ လတပေါင်းမို့ 

ပန်းပေါင်းတော့ မစုံပြီ  


နွေရာသီ ခါအပြောင်းချိန်မို့ 

နွမ်းလျတော့ ကြာရှည်မခံပြီ  


ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ်  


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ်  


မကြာမီ သဲပုံပွဲမယ် 

အောင်ပွဲသံ ညံညံစည် ဖို့ 


ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 

တူညာညီ တပြည်လုံး ရုန်းနေသမို့ 

မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 

တို့ အား ထည့် လို့ သာ ရုန်း  


မြန်မာပြည် နွေဦး အောင်ပွဲ 

မတ်လ  ရက် ၂၀၂၁